သရက်မြို့၌ ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

သရက် အောက်တိုဘာ ၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဉပဒေဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁:၃၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

အဆိုပါ ဟောပြောပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်နွေးနွေးလင်းက ဥပဒေဆိုင်ရာများနှင့် ဥပဒေ ပုဒ်မများအကြာင်း ပြောကြားပေးခဲ့ကာ သရက်မြို့မရဲစခန်းမှူး ဒုရဲမှူးတင်အောင်မိုးက မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည်များကို ပြောကြားပေးခဲ့သည်။

ထို့နောက် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကျော်ဇောက မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရန် စည်းကမ်းချက်များ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဉပဒေများနှင့် ပတ်သက်၍ ပြောကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝမ်းထွန်းက ကျောင်းသား/ကျောင်းသူများအနေဖြင့် စည်းကမ်းရှိရှိပြုမူနေထိုင်တတ်ပြီး ပညာကိုကြိုးစားသင်ယူတက်စေရေန်နှင့် ကာယဗလ၊ ဉာဏဗလ၊စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ပြည့်စုံပြီး လူတော်လူကောင်းများဖြစ်မှသာ မိမိရပ်ရွာ၊ နိုင်ငံတော်အတွက်အကျိုးရှိမှာဖြစ်လို့ စာပေဖတ်ရှုသည့်အလေ့အထကောင်များကို လေ့ကျင့်ပြီးစာဖတ်ကြရန်နှင့် အားကစားစိတ်ဓါတ်ကောင်းများမွေးမြူပြီး ကျန်းမာသန်စွမ်းအောင်လေ့ကျင်ကြရန် ပြောကြားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)