တွံတေး အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ထော်သိုကျေးရွာအုပ်စု၊ အလံအုပ်ကျေးရွာရှိ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးဌာနရှိ အမျိုးသမီးများအား မိုးတွင်းကာလဖြစ်ပွားတတ်သော တုပ်ကွေးရောဂါ၊ သွေးလွန်တုပ်ရောဂါများ မဖြစ်ပွားစေရေး အသိပညာပေးဟောပြောခြင်းနှင့် ဆေးဝါးကုသပေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးက အမျိုးသမီးများတွင်ဖြစ်တတ်သောရောဂါများအကြောင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအရေးကြီးကြောင်း၊ မိုးရာသီတွင်ဖြစ်တတ်သောရောဂါများနှင့် မှိုရောဂါအကြောင်းအသိပညာပေး ဟောပြောခဲ့ပြီး အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အမျိုးသမီး(၆၂ )ဦးကိုများအား မီးယပ်နှင့်ပတ်သက်သည့်ရောဂါများ၊ ပွေး၊ ဝဲ၊ ယားနာ၊ အရေးပြားယားယံခြင်း၊ ရောဂါများကို ကုသပေးခဲ့ကြောင်း သိရသည်။
တွံတေးသား