ပင်လုံ အောက်တိုဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အ.လ.က(၃)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနှင့် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံမြန်မာ့သိုင်းသင်တန်း သင်တန်းဆင်းပွဲကို ယနေ့နေ့လည်(၂)နာရီအချိန်က ကျင်းပခဲ့ပါသည်။ ရှေးဦးစွာအခမ်းအနားကို Grade-9 ကျောင်းသား/သူများမှ "မြန်မာမူမှန်"သီချင်းဖြင့် ဖွင့်လှစ်ပြီးနောက် ပင်လုံစခန်းမှူးရဲအုပ်တင်မိုးလှိုင်က မိန့်ခွန်းအမှာစကား ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသူဇာမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း၊ သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်း၊ သင်တန်းထူးချွန်ဆုများချီးမြှင့်ခြင်းများကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြိုနယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မိဘဆရာနှင့် ကျောင်းကော်မတီအဖွဲဝင်များက အသီးသီးဆုများချီးမြှင့်ပေးခဲ့ပြီး၊ Grade-8 ကျောင်းသူလေးများမှ "နှလုံးသားကိုအလှဆင်ပါ" သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာ၊ သင်တန်းသား/သင်တန်းသူလေးများမှ သိုင်းကွက်သရုပ်ပြသပြီး၊ သင်တန်းသား/သူများမှ" အာရှမြန်မာ"သီချင်းဖြင့် အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။
အဆိုပါအခြေခံမြန်မာသိုင်းသင်တန်းကို (၁၀.၉.၂၀၂၃)ရက်နေ့မှ ယနေ့ထိရက်ပေါင်း (၂၆)ရက်ဖွင့်လှစ်ပေးခဲ့ပြီး အခြေခံပညာမြန်မာ့သိုင်း (၆၃) မောင်းကို သင်ကြားပြသပေးခဲ့ရာ ကျောင်းသား/ကျောင်းသူ(၁၈၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရပါသည်။
မြို့နယ်(ပြန်/ဆက်)