စဉ့်ကူးမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဘုံဆွမ်းလောင်းလှူပွဲကျင်းပ

စဉ့်ကူး အောက်တိုဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်စီစဉ်မှုဖြင့် တော်သလင်း လပြည့် ဥပုသ်နေ့တွင် ဌာနဆိုင်ရာများစုပေါင်း၍ ဘုံဆွမ်းလောင်းလှူပွဲကို ယနေ့ နံနက် ၆ နာရီက ပြုလုပ်ခဲ့သည်။

ဆွမ်းလောင်းလှူပွဲတွင် စဉ့်ကူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက် (၁၆) တိုက်မှ ဝါတွင်း သီတင်းသုံးတော်မူသည့် သံဃာတော် (၆၁)ပါးနှင့် သီလရှင် (၁၈)ပါး၊ စုစုပေါင်း (၇၉)ပါးတို့အား ဧရာ အောင်မြေလမ်းမကြီး တလျှောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါ ဆွမ်းလောင်းလှူပွဲသို့ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်နန်းစံရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ၊ စေတနာရှင် ပြည်သူများ ပါဝင်လှူဒါန်းခဲ့ကြပြီး ထိုသို့ ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လောင်းလှူခြင်းကို ဝါတွင်းကာလအတွင်း ဥပုသ်နေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)