မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်ဝင်းအတွင်း ဌာနဆိုင်ရာစုပေါင်း သန့်ရှင်းရေးဆောင်ရွက်

မဟာအောင်မြေ အောက်တိုဘာ ၇

မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ မန္တလေးတက္ကသိုလ်ဝင်းအတွင်း ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာစုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူးဗိုလ်ချုပ်ကြည်ခိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်‌ရေးဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ နယ်မြေခံတပ်မတော်သားများ၊မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၄၀၀)ဦးခန့်မှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းနှင့် မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဥ်ရပ်ကွက်၊ ၄၀x၄၁ ကြား၊ ၇၁x၇၂ ကြားရှိ ဗောဓိပင်ဘုရားဝင်းအတွင်းလည်း အင်အား(၂၅၀)ဦးခန့်ဖြင့်  စုပေါင်း သန့်ရှင်းရေးတစ်ချိန်တည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း