စေတုတ္တရာ အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် စားသုံးဆီစျေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် ပြည်သူလူထုအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်အတွက် စားအုန်းဆီများကို စေတုတ္တရာမြို့နယ်ရှိ မြေနီကုန်းကျေးရွာ၊ သက်လယ်ကျေးရွာ၊ ကျောက်ဖူးကျေးရွာရှိ ပြည်သူ့များထံ အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်း(၇)နာရီအချိန်က ရောင်းချပေးလျက်ရှိသည်။
အဆိုပါ စားအုန်းဆီများ ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်နိုင်တို့က မြေနီကုန်းကျေးရွာ၊ သက်လယ်ကျေးရွာ၊ ကျောက်ဖူးကျေးရွာများအရောက် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးနေမှုအား သွားရောက်ကြည့်ရူကာ လိုအပ်ချက်များမရှိစေရန်နှင့် ကျေးရွာနေပြည်သူများအား သက်သာသော စျေးနှုန်းဖြင့် စနစ်တကျ ဝယ်ယူနိုင်စေရန်အတွက် ၎င်းကျေးရွာများရှိ အိမ်ထောင်စု (၃၃၀)စုအား စားအုန်းဆီတစ်ပိဿာ (၅၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်ပိသာရောင်းချပေးလျက်ရှိပြီးနောက် ဆက်လက်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)