မိုင်းယောင်း အောက်တိုဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာ၌ အောက်တိုဘာ၅ရက်နေ့က ကွင်းအမှတ်(၉)၊ ဦးပိုင်(၁၁၁)၊ ယမ်းမအနောက်တောင်ကွင်းရှိ တောင်သူ ဦးအိုက်ဘွန်းမား၏ ဆင်းဧကရီ မိုးစပါးစံပြကွက် တစ်ဧကအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းရာ စပါးအစို ၁၄၂ ဒသမ ၅ တင်း၊ စပါးအခြောက် ၁၂၈ ဒသမ ၂၅ တင်း ထွက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်း၊ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာနွယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင့်တင့်လွင်နှင့် ခရိုင်/မြို့နယ် စိုက်ကြပ်အဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးများ၊ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း