သတင်းများ

ပေါက်ခေါင်းမြို့နယ် အ.မ.က(ရပ်သစ်)နှင့် အ.မ.က(အုန်းရင်း)၌ စာသင်ကျောင်းအခြေပြုစားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော
Oct 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ အစားအစာများဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူနိုင်ရန်ရည်ရွယ်၍ စာသင်ကျောင်းအခြေပြု စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပေါက်ခေါင်းမြို့နယ် အခြေခံပညာမူလတန်းကျောင်း(ရပ်သစ်)နှင့် အ.မ.က(အုန်းရင်း)ကျောင်းတို့တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဇီးကုန်းမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲပြုလုပ်
Oct 10,2023
ကျောင်းသား၊ ကျောင်းသူများ စည်းလုံးမှုရရှိကာ ကျန်းမာရွှင်လန်းပြီး ဉာဏ်ရည်ထက်မြတ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က) မြို့မကျောင်း၌ ပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ ဘုရားပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းတက်ရောက်
Oct 10,2023
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဘုရားပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ
သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Oct 10,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ​​ချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့်  "အသက်နှစ်ဆယ်အရွယ်များသို့" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့နယ် မော်ဟွေ့ကျေးရွာတွင် မိုးယာစပါးစံကွက်ရိတ်သိမ်းပွဲ ပြုလုပ်
Oct 10,2023
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးယာစပါးစံကွက်ရိတ်သိမ်းပွဲကို မော်ဟွေ့ကျေးရွာကွင်းအမှတ် (၈)၊  ဦးပိုင် (၂၃) တောင်သူဦးကျော်လှ၏ ယာစပါးစိုက်ဧက (၂) ဧက၌ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၈ နာရီအချိန်က ပြုလုပ်ခဲ့ပါသည်၊၊
မအူပင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များတွင် စားအုံးဆီနှင့် ကြက်ဥများအား စားသုံးသူများ လက်ဝယ်အရောက် သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေး
Oct 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် စားအုံးဆီနှင့် ကြက်ဥများအား စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက မအူပင် တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား သွားရောက်ရောင်းချပေးခဲ့ သည်။
လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 10,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး
Oct 10,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ ဝန်ထမ်းများသည် လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျောင်းများသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်။