စလင်း အောက်တိုဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှ ဆီစက်လုပ်ငန်း၊ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းနှင့် ဥစားဘဲမွေးမြူရေးလုပ်ငန်း၊ ဒေသဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံပြည်သူများမှ ချေးငွေရယူဆောင်ရွက်ထားရှိမှု အခြေအနေအား ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
စလင်းမြို့နယ်အတွင်း စီးပွားရေးလုပ်ငန်းများ ဘက်စုံဖွံဖြိုးတိုးတက်စေရန်အတွက် နိုင်ငံစီးပွားရန်ပုံငွေမှ ချေးငွေဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် အသေးစား၊ အလတ်စား၊ အကြီးစား MSMEလုပ်ငန်းများ လုပ်ကိုင်ရန် ကျပ်သန်း(၈၀၀)ကျော် ထုတ်ချေးပေးခဲ့ရာ မြို့နယ်အတွင်း ဆိတ်မွေးမြူရေးခြံ၊ ဥစားဘဲမွေးမြူရေးခြံ၊ အသားတိုးဝက်မွေးမြူရေးခြံလုပ်ငန်းများ လုပ်ကိုင်သူ (၃)ဦးတို့အား ဒုတိယအကြီမ်အဖြစ် ဆက်လက်ထုတ်ချေးပေးခဲ့ပြီး အဆိုပါလုပ်ငန်းရှင်များ မွေးမြူထားသည့် ပေါင်းထူးကျေးရွာ ဒေသဆိတ်မွေးမြူရေးခြံ မွေးမြူထားရှိမှု၊ ကူတိုကျေးရွာ ဥစားဘဲမွေးမြူထားရှိမှု၊ အနောက်ကန်ဘောင် အသားတိုးဝက်မွေးမြူထားရှိမှုများကို ကွင်းဆင်း စစ်ဆေးခဲ့ကာ အဆိုပါလုပ်ငန်းရှင်များအား လုပ်ငန်းအမျိုးအစားအပေါ်မူတည်၍ ချေးငွေများကို သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးပေးခဲ့ပြီး ၎င်းချေးငွေများကို (၆)လတစ်ကြိမ် သတ်မှတ်ထားသည့် အတိုးနှင့်အရင်းအား ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် အမှန်တစ်ကယ်ဆောင်ရွက် လုပ်ကိုင်ထားရှိမှုရှိ/မရှိ သိရှိနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးရခြင်း ဖြစ်သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးနေလင်းနိုင်နှင့် အဖွဲ့ဝင်များက နိုင်ငံစီးပွား မြှင့်တင်ရေး ရန်ပုံငွေဒုတိယချေးငွေယူမှုဖြင့် (၂၁၀)သိန်းကို ချေးငွေရယူလုပ်ကိုင်ကြသည့် ကူတိုကျေးရွာ ဥစားဘဲမွေးမြူရေးလုပ်ငန်း ၊ပေါင်းထူးကျေးရွာ ဒေသဆိတ်မွေးမြူရေးခြံ၊ အနောက်ကန်ဘောင် အသားတိုးဝက်မွေးမြူရေးခြံ လုပ်ကိုင်သူများနှင့်တွေ့ဆုံ၍ တိုးတက်မွေးမြူ ထားရှိမှု ဆီစက်လုပ်ငန်းလုပ်ကိုင်သူများ တိုးချဲ့ဆောင်ရွက်ထားရှိမှုနှင့် ဥစားဘဲမွေးမြူထားရှိမှု အခြေအနေအရပ်ရပ်တို့ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး (၆)လပြည့် ပါက အတိုးပေးသွင်းနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(မောင်လွင်)စလင်း