သတင်းများ

နမ့်ခမ်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပညာရေးဌာနနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Oct 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့ညနေ (၂)နာရီအချိန်က ပညာရေးဌာနမှ အမှတ်(၃)  အခြေခံပညာအထက်တန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပကာ စာပေအကြောင်းများကို ဆွေးနွေးခြင်းများနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများထုတ်ချေးပေး
Oct 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများအတွက် လိုအပ်သော အရင်းအနှီးများရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် မိသားစုဝင်ငွေများ တိုးပွားစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေစီမံကိန်းကို မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၄၀)ရွာတို့တွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၉ ရက်နေ့က နှောကုန်း(တောင်) ကျေးရွာနေပြည်သူ (၁၁၇)ဦးတို့လည်း မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေကျပ်သိန်း (၃၄၀)ကို ပြန်လည်၍ ထုတ်ချေးပေးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းဝင်များဖြင့် စာဖတ်ဝိုင်း ပြုလုပ်
Oct 11,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)တွင် ယနေ့နံနက်(၉)နာရီအချိန်က စာရေးဆရာမ ခင်စောတင့်၏ “စွန့်စားမှုဆီသို့ခြေတစ်လှမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Oct 11,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရေပုတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
သရက်မြို့နယ် ပြရေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 11,2023
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပြရေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ပြရေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
တန့်ယန်းမြို့နယ်အတွင်းရှိ လုံမုံကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆိုလာစနစ်သုံး ရေသန့်စင်စက် တပ်ဆင်ပေးခြင်း ဆောင်ရွက်
Oct 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိရာတွင် ယမန်နေ့က လုံမုံကျေးရွာအုပ်စု အခြေခံပညာမူလတန်းကျောင်း၌ ဆိုလာစနစ်သုံး ရေသန့်စင်စက် တပ်ဆင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင်ရှိ နဂါးနီ နန်းတွင်းလျှာပွတ်ဆေးကြီးအား အမြို့မြို့အနယ်နယ်သို့ တင်ပို့ရောင်းချလျက်ရှိ
Oct 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ တိုင်းရင်းဆေးတိုက်မှ နဂါးနီအမှတ်တံဆိပ် နန်းတွင်းလျှာပွတ်ဆေးကြီးကို အမြို့မြို့အနယ်နယ်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
လယ်ဝေးမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူ ၆၁၈ ဦးအား ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူပြီးစီး
Oct 11,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိသည်။