မံစီမြို့နယ် ခိုင်ဝေစည် (ဝန်ထမ်းပေါင်းစုံ) ငွေစုငွေချေးသမဝါယမအသင်း (လီမိတက်)၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မံစီ အောက်တိုဘာ ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ခိုင်ဝေစည်(ဝန်ထမ်းပေါင်းစုံ)ငွေစုငွေချေး သမဝါယမအသင်း(လီမိတက်)၏ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ယမန်နေ့ ၁၀ နာရီက မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ဆောင်ရွက်သူ ဦးဝင်းသန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးသန်းက ဌာန၏ဥပဒေ၊ နည်းဥပဒေ ညွှန်ကြားချက်များ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေး နှစ်အတွက် အမှုဆောင်အစီရင်ခံစာအား အမှုဆောင်အဖွဲ့ဝင် ဒေါ်ခေါန်ဆန့်က ဖတ်ကြားတင်သွင်းခြင်းနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းကို မြို့နယ် သမဝါယမဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်ခင်ထွေးစန်းက ရှင်းလင်းတင်ပြ၍ အတည်ပြုခဲ့ကြပြီး တက်ရောက်လာသည့် အသင်းသား/ အသင်းသူ များက မိမိတို့ သိလိုသည်များကို မေးမြန်းဆွေးနွေးရာ သဘာပတိက ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ အသင်းသူ/ အသင်းသားများ၏ သားသမီး(၂)ဦးအား ပညာရည်ချွန်ဆုချီးမြှင့်ငွေ (၈၀၀၀ဝိ/-) ကို ချီးမြှင့်ခဲ့ကြသည်။  မံစီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ခိုင်ဝေစည် (ဝန်ထမ်းပေါင်းစုံ)  ငွေစုငွေချေး သမဝါယမအသင်းတွင် အသင်းသူအသင်းသား   (၂၆၇)  ဦးရှိပြီး စုဆောင်းငွေပေါ်အတိုး (၁၀၅၈၄၇၀ဝိ/-)၊ အစု အပေါ် အမြတ်ချီးမြှင့်ငွေ (၂၆၇၀၀၀ဝိ/-) တက်ရောက်လာသည့် အသင်းသား/သူများအား စရိတ်ချီးမြှင့်ငွေ (၂၆၇၀၀၀ဝိ/-)  စုစုပေါင်း (၁၆၀၀၄၇၀ဝိ/-) ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)