လှည်းကူး အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်ကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် အောက်တိုဘာ ၈ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပွားလျက်ရှိရာ ခရိုင်/ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာ လုပ်အားရှင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရွှေ့ပြောင်းကူညီပေးလျက်ရှိသည်။
လှည်းကူးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငမိုးရိပ်ချောင်းရေမြင့်တက်လာပြီး ရပ်ကွက်နှင့်ကျေးရွာအချို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ အိမ်ထောင်စုများအား ရေဘေးလွတ်ရာ ဆုတောင်းပြည့်ငါးထပ်ကြီးဘုရားမှ လှည်းကူးပညာရေးဒီဂရီကောလိပ်သို့ ရွှေ့ပြောင်းကူညီပေးခဲ့ပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)