သတင်းများ

ပိုင်ကျုံမြို့ အ.မ.က သရဲထကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Oct 11,2023
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်မြှင့်မားစေရေးနှင့် အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့က အ.မ.ကသရဲထကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဟုမ္မလင်း၌ အခမ်းအနားမှူး ရက်တိုသင်တန်း ဖွင့်ပွဲကျင်းပ
Oct 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ မြိုနယ် အထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အခမ်းအနားမှူး ရက်တိုသင်တန်း၊ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ပီလောပီနံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုနှင့် မိုးစပါးစံကွက် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေး
Oct 11,2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရေကြည်မြို့နယ်အတွင်းရှိ ပီလောပီနံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများနှင့် မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ညောင်ဦးမြို့ အမှတ်(၅)၊ ဗိုလ်ချုပ်ပန်းခြံရှေ့၌ ပြည်သူ့သက်သာဈေးအရောင်းဆိုင် ဖွင့်လှစ်ရောင်းချ
Oct 11,2023
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ညောင်ဦးခရိုင်/မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ညောင်ဦးမြို့ အမှတ်(၅)၊ ဗိုလ်ချုပ်ပန်းခြံရှေ့၌ ပြည်သူ့သက်သာ ဈေးအရောင်းဆိုင်ကို ယနေ့နံနက် ၈ နာရီအချိန်က ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၇၀)ကတ် ပေးအပ်ပွဲကျင်းပ
Oct 11,2023
မဟာအောင်မြေခရိုင် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)စုစုပေါင်း(၉)ကျောင်းအား ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးသော နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၇၀)ကတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါမြို့နယ်ရှိ အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကျောင်းသားကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
လားရှိုးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုမရှိဘဲ ယာဉ်မောင်းနှင်သူများကို စစ်ဆေးအရေးယူဖြစ်ကြောင်း သိရ
Oct 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာမှုမရှိဘဲ ယာဉ်မောင်းနှင်သူများကို အောက်တိုဘာလ ၁၄ ရက်နေ့မှစတင်ကာ စစ်ဆေးအရေးယူတော့မည်ဖြစ်ကြောင်း မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးကော်မတီထံမှ သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ရေကြီးမှု၊ ရေဝင်ရောက်မှု ရှိ၊မရှိ မြို့နယ်စီမံအုပ်ချုပ်‌ ရေးဥက္ကဋ္ဌနှင့် ပူးပေါင်းအဖွဲ့ဝင်များ လှည့်လည်ကြည့်ရှု့စစ်ဆေး
Oct 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှု၊ ရေဝင်ရောက်မှု ရှိ၊မရှိကို ယမန်နေ့နံနက် ၁၀ အချိန်တွင် မြို့နယ်အတွင်းရှိ ရေဝင်ရောက်နိုင်သောရပ်ကွက်များနှင့် ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဉက္ကဋ္ဌဦးသန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ နံရံကပ်ဓါတ်ပုံပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 11,2023
တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်ဓါတ်ပုံပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် ဈေးချိုကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ပေးကြောင်း သိရသည်။