မိုင်းခတ် အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့် ဝေးလံသော တောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့သည် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ဝမ်ပင်းကျေးရွာအုပ်စု၊ နမ့်ခတ်ကျေးရွာရှိ မူလတန်းကျောင်းဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုး ဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းတို့က ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ၍ ကျေးရွာနေပြည်သူများအား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆွေးနွေးပြောကြားရာတွင် လူကုန်ကူးမှုအန္တရာယ်အကြောင်းနှင့် မှုခင်းပိုင်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း ၏ ပြစ်မှုပြစ်ဒဏ်နှင့် ဆိုးကျိုးများ၊ အသက်(၁၀)နှစ်အထက်ရှိသူများအား အီလက်ထရောနစ် စနစ်ဖြင့် ဇီဝအချက်အလက်များ ကောက်ယူနေမှုများ၊ စပါး၊ ပြောင်းများ ပိုးကျပါက ဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ စားသုံးဆီဖူလုံစေရေး နေကြာစိုက်ပျိုးကြရန်၊ ကျွဲ၊ နွား၊ ကြက်၊ဝက်မွေးမြူရာတွင် ရောဂါကူးစက်မှုမှ ကာကွယ်ရေး၊ သတင်းအမှားအမှန်ခွဲခြားနိုင်ရေး၊ တောင်ယာခုတ်ထွင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဥပဒေများအကြောင်းနှင့် ကျေးလက်မီးလင်းရေး၊ ကျေးရွာလယ်ယာကုန်ထုတ်လမ်းများအကြောင်း၊ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်ရှောင်ရန်၊ ဆောင်ရန်အချက်များကို မြန်မာဘာသာ၊ အာခါဘာသာတို့ဖြင့် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက်တက်ရောက်လာကြသော ဝမ်ပင်းအုပ်စု၊ နမ့်ခတ်ကျေးရွာမှ တိုင်းရင်းသားပြည်သူများ က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းဆိုင်ရာများကို တင်ပြ ဆွေးနွေးခဲ့ရာ သက်ဆိုင်ရာကဏ္ဍများအလိုက် ဌာဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)