သတင်းများ

နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၃ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက်ရောက်အားပေးပြီး Myanmar Agri Foods Co., Ltd ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှု အားပေး
Oct 13,2023
၂၀၂၃ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်(၈)မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို အောက်တိုဘာ ၁၁ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အောင်ပန်းဒေသမှ ထွက်ရှိလာသည့်အာလူးများ စျေးအနည်းငယ် ကျဆင်းလာ
Oct 13,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာစျေးအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းဒေသမှ ထွက်ရှိသည့် အာလူးများ စျေးအနည်းငယ် ကျဆင်းနေကြောင်း သိရသည်။
ငါန်းဇွန်မြို့ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/သုတရသစာအုပ်စာစောင်များခင်းကျင်းပြသခြင်းဆောင်ရွက်
Oct 12,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများအား လူငယ်ရေးရာအသိပညာပေးဆွေးနွေးဟောပြောပွဲနှင့် နံရံကပ် စာစောင်/ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးသိန်းအောင်နှင့်တာဝန်ရှိသူများအဖွဲ့ စားသောက်ကုန်များခွဲခြားရောင်းချခြင်းရှိ/မရှိနှင့် တည်ဆောက်ရေးလုပ်ငန်းများပြီးစီးနေမှုတို့ကြည့်ရှုစစ်ဆေး
Oct 12,2023
ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးသိန်းအောင်သည် ခရိုင်နှင့်မြို့နယ်လူသုံးကုန် စားသောက်ကုန်ပစ္စည်းများခွဲခြားရောင်းချနေမှုကြီးကြပ်စစ်ဆေးရေးအဖွဲ့များ၊ ခရိုင်နှင့်မြို့နယ်တည်‌ဆောက်ရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီအဖွဲ့များသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်းရှိ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းဆိုင်များနှင့် မြို့တွင်းတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ(သုည ဒသမ ခြောက်ပေခန့်နှင့် ဘုတ်ချောင်းဆည်ရေလှောင်တမံ ရေပိုလွှဲမှ(သုည ဒသမ တစ်ပေခန့် ဆက်လက်ရေကျော်ကျ  
Oct 12,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့် ဘုတ်ချောင်းဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ဆက်လက် ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသ
Oct 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရေးနှင့် စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က တောရ အခြေခံပညာအလယ်တန်းကျောင်းနှင့် ပလွန်စာ (အ.လ.က)ကျောင်းတွင် ဆောင်ရွက်ခဲ့ သည်။
ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ပြီး ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Oct 12,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဘက်စုံသုံးခန်းမတွင် ယမန်နေ့ညနေ (၃)နာရီက လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အရန်သားဖွား(၆)လသင်တန်း(ဒုတိယသုတ်)သို့ တက်ရောက်လျက်ရှိသည့် သင်တန်းသူများအား ဆန်နှင့်ဆီထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
Oct 12,2023
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အရန်သားဖွား(၆)လသင်တန်း (ဒုတိယသုတ်)သို့ တက်ရောက်လျက်ရှိသည့် သင်တန်းသူများအား ဆန်နှင့်ဆီထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ စက်မှုလက်မှုသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။