သတင်းများ

ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး ခြင်းဆောင်ရွက်
Oct 13,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အခြေပညာအထက်တန်းကျောင်းရှိ ဆရာ/မများနှင့် မြို့စည်ပင်သာယာရေးအဖွဲ့ရုံးရှိ ဝန်ထမ်းများအား သွား ရောက်ငှားရမ်း ပေးခဲ့သည်။
သပိတ်ကျင်းမြို့လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Oct 13,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ ကျောင်းသားလူငယ်များအသိပညာ ဗဟုသုတတိုးပွားစေပြီး နိုင်ငံတော်၏ သားကောင်းရတနာများဖြစ်ထွန်လာစေရေး ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ တွင်ကျင်းပခဲ့သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံ
Oct 13,2023
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ဒေသခံများ စနစ်ကျသော လူမှုဘဝဖော်ဆောင်နိုင်ရေး အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ကျွန်းသာယာခန်းမတွင် ကျင်းခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ
Oct 13,2023
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊   စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  ကျောင်းသား၊ ကျောင်းသူ လူငယ်များ  ကာယ၊ ဉာဏစွမ်းရည်များ၊ စာဖတ်စွမ်းရည်များ မြင့်မားစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ နယ်လှည့် အသိပညာပေး ဟောပြောခြင်းနှင့် နံရံစာစောင်၊ ဓာတ်ပုံပြပွဲ ကွင်းဆင်း ဆောင်ရွက်
Oct 13,2023
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရန်နှင့် အသိဉာဏ်ပညာ ဗဟုသုတတိုးပွားပြီး ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အောက်တိုဘာ ၁၁ ရက်၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ သွားရောက်ပြီး နယ်လှည့် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ၊ ဓာတ်ပုံပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Oct 13,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့က လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Oct 13,2023
တနင်္သာရီတိုင်းဒေသကြီး၊   ဘုတ်ပြင်းခရိုင်၊   ပြည်ကြီးမဏ္ဍိုင်မြို့တွင်   လူငယ်များဗလငါးတန် ဖွံ့ဖြိုး တိုးတက်စေရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်း ( ပြည်ကြီးမဏ္ဍိုင် ) ကျောင်းတွင်ကျင်းပခဲ့သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့အတွင်း ရေများပြန်လည်ကျဆင်းလာပြီဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် စတင်ဆောင်ရွက်
Oct 13,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့အတွင်း ရေများပြန်လည်ကျဆင်းလာပြီးဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် စတင်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။