ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးသိန်းအောင်နှင့်တာဝန်ရှိသူများအဖွဲ့ စားသောက်ကုန်များခွဲခြားရောင်းချခြင်းရှိ/မရှိနှင့် တည်ဆောက်ရေးလုပ်ငန်းများပြီးစီးနေမှုတို့ကြည့်ရှုစစ်ဆေး

ပေါက်ခေါင်း       အောက်တိုဘာ       ၁၂

ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးသိန်းအောင်သည် ခရိုင်နှင့်မြို့နယ်လူသုံးကုန် စားသောက်ကုန်ပစ္စည်းများခွဲခြားရောင်းချနေမှုကြီးကြပ်စစ်ဆေးရေးအဖွဲ့များ၊ ခရိုင်နှင့်မြို့နယ်တည်‌ဆောက်ရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီအဖွဲ့များသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်းရှိ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းဆိုင်များနှင့် မြို့တွင်းတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ ရွှေကြယ်စားသောက်ဆိုင်၊ ရွှေပလောင်မုန့်တိုက်၊ ရွှေအလင်းအိမ်လျှပ်စစ်ပစ္စည်းနှင့် ဖုန်းပစ္စည်းအရောင်းဆိုင်များတွင် လူသုံးကုန်စားသောက်ကုန်ပစ္စည်းများခွဲခြားရောင်းချခြင်းရှိ/မရှိကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီအဖွဲ့များနှင့်အတူ တောင်နဝင်းဆည်ပင်မတမံတွင် ဆည်ရေများဝင်ရောက်မှုအခြေအနေနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၁)ရပ်ကွက်ပိတောက်လမ်း(၇၄၀' × ၁၂' × ၀'.၈") ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ အမှတ်(၅)ရပ်ကွက် ဆင်းသိင်္ဂီလမ်း(၅၀၀ '× ၁၀'× ၀'.၆") ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ဧရာပြည်မြန်မာကုမ္ပဏီမှတာဝန်ယူဆောင်ရွက်သည့် အမှတ်(၃)ရပ်ကွက် လျှပ်စစ်ရုံးနောက်(၂)လမ်း(၉၀၀' × ၁၀' × ၀'.၆")ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် အ.ထ.က(ပေါက်ခေါင်း)ရှေ့နှင့်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရှေ့ အုတ်ရေမြောင်းလုပ်ငန်းဆောက်ရွက်ပြီးစီးသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)