သတင်းများ

ကျောက်ဖြူမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူး သင်တန်း (၁/၂၀၂၃) လက်တွေ့ဆန်းစစ်ခြင်းများ ပြုလုပ်ဆောင်ရွက်
Oct 13,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၃) လက်တွေ့ဆန်းစစ်ခြင်းများကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ  ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးနှင့်သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ ခရိုင်ထွေ/အုပ်ဝန်ထမ်းများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
ပေါင်းတည်၌ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Oct 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ပြည်ခရိုင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးဆောင်၍ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမဆောင်၌ ကျင်းပ ပြုလုပ်သည်။
မိုးညှင်းမြို့နယ် ကျေးရွာများတွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး
Oct 13,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးရွာများတွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးအသင်းနှင့် ဒေသခံတောင်သူများမှ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒိုက်ဦးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Oct 13,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ ဒိုးတန်းကျေးရွာ၊ ကွင်းအမှတ်(၃၁၄/ခ)၊ ချိုလှကွင်း၊ ဦးပိုင်အမှတ်(၂၃/၁)၊ တောင်သူ ဦးမောင်စိုး စိုက်ပျိုးထားသည့် ဆင်းသုခ စပါးမျိုးသန့်စိုက်ခင်းအား မြို့နယ်ကိုယ်စားပြုမိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
ဝေါမြို့၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ
Oct 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာ များဖလှယ်နိုင်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀:၀၀ နာရီတွင် ဝေါမြို့အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ပုဂံ၌ ကျင်းပကြောင်း သိရသည်။
ကျောက်တော်မြို့ ရွာမရပ်ကွက်အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ဟောပြောပွဲ၊ နံရံကပ် ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲပြုလုပ်
Oct 13,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဟောပြောပွဲ၊ နံရံကပ်ဓါတ်ပုံပြပွဲနှင့်နံရံကပ်စာ‌ စောင်ပြပွဲကျင်းပပြုလုပ်ခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ရွာမရပ်ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြ ပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့ စာပေး စာယူ (၂/၂၀၂၂) ဒုတိယနှစ်နှင့် (၄/၂၀၂၃) ပထမနှစ် သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
Oct 13,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမတွင် ကျင်းပပြုလုပ်သည့် ပညာရေးဘွဲ့ စာပေးစာယူ (၂/၂၀၂၂) ဒုတိယနှစ် နှင့် (၄/၂၀၂၃) ပထမနှစ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က တက်ရောက်ခဲ့သည်။
မလှိုင်မြို့နယ်၌အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွား(၁၁၀၅)ဦးအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Oct 13,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်(၄) ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၅၂)အုပ်စုမှအုပ်ချုပ်ရေးမှူး များ၊ စာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုး/ဘွားများအား အိမ်တိုင်ရာရောက် ကိုယ်တိုင်သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။