သတင်းများ

မြင်းခြံမြို့တွင် စက်မှု၊ စက်ပျိုး၊ မွေးမြူရေး အတတ်ပညာဆိုင်ရာ သင်ယူမှုအခွင့်အလမ်းများ အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Oct 13,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် အလယ်တန်းအဆင့် (Grade-9) ပြီးမြောက် အောင်မြင်သော ကျောင်းသား/ကျောင်းသူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အတတ်ပညာဆိုင်ရာ သင်ယူမှု အခွင့်အလမ်းများ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မြင်းခြံမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ဥတ္တရသီရိမြို့နယ်၌ MEVMစက် အသုံးပြုမဲပေးပုံနည်းစနစ်များ ရှင်းလင်းသရုပ်ပြပွဲ ကျင်းပ
Oct 13,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြီးမှူးကျင်းပသော အီလက်ထရောနစ် မဲပေးစက်(MEVM)စက် အသုံးပြုနည်းနှင့်ပတ်သက်၍ ရှင်းလင်းသရုပ်ပြခြင်း အခမ်းအနားကို အောက်တိုဘာ ၁၁ရက်နေ့ နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အိမ်မဲမြို့နယ် ၂၀၂၃ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေး
Oct 13,2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် အိမ်မဲမြို့နယ် ဘုရားကြီးကုန်းကျေးရွာအုပ်စု ဆိတ်ချေးကုန်းကျေးရွာ တောင်သူ ဒေါ်သန်းထွေး၏ လယ်မြေကွင်းအမှတ် (၃၅-ခ)၊ ဦးပိုင်အမှတ် (၉၆/၆)မိုးစပါး သီးနှံနယူးဧရာ (၁)စိုက်ခင်းတွင် ယမန်နေ့ နေ့လယ်ပိုင်း က မိုးစပါးစံကွက် (၃)ဧက ရိတ်သိမ်း ပွဲသို့ တက်ရောက်ကြည့်ရှုအား ပေးခဲ့သည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်
Oct 13,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်ထွန်းစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် အားလပ်ချိန်ကို စနစ်တကျမှန်ကန်စွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
ဒဂုံတက္ကသိုလ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Oct 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဟောပြောပွဲကို အဆိုပါတက္ကသိုလ်ရှိဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ဒိုက်ဦးမြို့နယ်တွင် "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Oct 13,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန လူအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် (Woman Club) အဖွဲ့များပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကော့ကရိတ်မြို့ အ.မ.ကကျောင်းသို့ နယ်လှည့်အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသ
Oct 13,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်/ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၁၇) အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ချမ်းမြသာစည်မြို့နယ် အမှတ်(၃၄) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Oct 13,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အမှတ်(၃၄) အခြေခံပညာအထက်တန်းကျောင်းရှိ နန်းကေသီခန်းမ၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော  ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။