သတင်းများ

ရက်ချိန်းပေးစနစ်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးခဲ့သော ယာယီနယ်စပ်ဖြတ်သန်းသွားလာရေးလက်မှတ် (TBP)များဖြင့် ဝင်ရောက်နေမှုတွင် သတ်မှတ်အချိန်၌ အမှတ်စဉ်အတိုင်းသာ ဝင်ရောက်ရန် အသိပေး
Oct 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်နယ်စပ်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံဖြတ်သန်းသွားလာရေးဂိတ်များဖြစ်သော နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့တွင် ရက်ချိန်းပေးစနစ်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးခဲ့သော ယာယီနယ်စပ်ဖြတ်သန်းသွားလာရေးလက်မှတ်(TBP)များဖြင့် ဝင်ရောက်နေမှုတွင် ယမန်နေ့ နံနက်(၉း၀၀) အချိန်က ဆင်ဖြူဂိတ်၌ ခရိုင်ဦးစီးမှူးမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်မည့် မိဘပြည်သူများအား ဂိတ်စတင်ဖွင့်ချိန်တွင် သတ်မှတ်ရက်နေ့၌ အမှတ်စဉ်အတိုင်းသာ ဝင်ရောက်ရန် သတ်မှတ်ဆောင်ရွက်ခဲ့ပါသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရရှိစေရေး နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်
Oct 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှတစ်ဆင့် အသိပညာ၊ ဗဟုသုတတိုးပွားရရှိစေရေး ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကွင်းဆင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကျင်းပ
Oct 13,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွှေရောင်တော်နှင့် ကျောက်စံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)များတွင် လူငယ်အသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အ.လ.က-ခွဲ တာဆိုင်းတွင် ကျောင်းသား၊ ကျောင်းသူများကို လူငယ်ရေးရာဟောပြော၍ အေရိုးဗစ်အကနှင့် လက်ဝှေ့အားကစားနည်း အခြေခံ သရုပ်ပြသ
Oct 13,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ဆောင်ရွက်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လယ် ၁၁ နာရီက မက်မွန်မုန်းကျေးရွာအုပ်စု၊ နမ့်မော်ခေါက်ဆင့်ကျေးရွာရှိ တာဆိုင်းအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ခဲ့သည်။
လားရှိုးမြို့၊ နတ်ရေကန်သောဘိတာရာမပရိယတ္တိစာသင်တိုက်တွင် နယ်လှည့်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်
Oct 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် နတ်ရေကန်သောဘိတာရာမပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့ မွန်းလွဲပိုင်းက လားရှိုးပြည်သူ့ဆေးရုံနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀)စစ်မြေပြင် ဆေးတပ်ရင်းတို့မှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကျိုက်ထိုမြို့နယ်တွင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝး ကျင်းပ
Oct 13,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားပွဲတော်ဖွင့်ပွဲ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအ‌ဝေးကို ယမန်နေ့နံနက် (၁၀) နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ကြီးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Oct 13,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဥ်ဖြင့် ထောက်ပံ့ပေးသည့် အခြေခံစားသောက်ကုန်များအား ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ယမန်နေ့နေ့လယ် ၂ နာရီအချိန်ခန့်က ကျောက်ကြီးမြို့ပေါ်တွင် လက်ရှိနေထိုင်ပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ဒေသထွက်တောင်ပေါ်ကွမ်းကြမ်းများစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Oct 13,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းကြမ်းများကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။