မချမ်းဘော ဧပြီ ၁၆
ကချင်ပြည်နယ်၊ မချမ်းဘောမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ အတာနှစ်ကူးမဟာသင်္ကြန်ပွဲတော်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ကြီးမှူး၍ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှစ၍ ကျင်းပလျက်ရှိရာ ယနေ့တွင်လည်း ရေကစားသူများ၊ ယိမ်းအကအလှများ၊ စတုဒိသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်သည် နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းရာ၌ အညစ်အကြေးများ ဆေးကြောရန် ရည်ရွယ်၍ ကျင်းပသည့် ရိုးရာပွဲတော်ဖြစ်သည်နှင့်အညီ မချမ်းဘောမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ပြီး ကြာဆံချက်၊ ကြာဆံကြော်၊ သာကူကျို၊ မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ် စသည့် စတုဒီတာများ ကျွေးမွေးခြင်းများကို သင်္ကြန်ကာလအတွင်း နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ လာရောက်ရေးကစားသူများ၊ လည်ပတ်သူများဖြင့် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွဲလျက်ရှိကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော)