သတင်းများ

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပပြီးစီး
Apr 10,2026
တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ စတင်ကျင်းပခဲ့ရာအစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်( ၂၀ )ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်( ၁ )ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ စုစုပေါင်း (၂၈)ဦးနှင့် လွှတ်တော်ဥက္ကဋ္ဌက ဖိတ်ကြား၍ တက်ရောက်သည့် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် (၁)ဦး၊ တိုင်းဒေသကြီးဝန်ကြီး(၂)ဦး၊ တိုင်းဒေသကြီးဥပဒေချုပ် (၁)ဦး၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်(၁)ဦး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး(၂)ဦး၊ လေ့လာသူ (၁၄)ဦး၊ မီဒီယာ (၃)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်သည်။
ဖောင်းပြင်မြို့၌ စာပေချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းဆွေးနွေး
Apr 10,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်သူဦးရေတိုးပွားလာစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူအများကြားဆွေးနွေးတတ်သည့် အလေ့ အကျင့်ကောင်းများရရှိရေး၊ တစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတများ ဖလှယ်ခွင့်ရရှိရေးအတွက် စာဖတ်ဝိုင်းများကို စီစဉ်ကျင်းပလျက်ရှိရာ ယနေ့ မွန်းတည့် ၁၂ နာရီက စာရေးဆရာ သရဝဏ်(ပြည်)၊ စာရေးဆရာ ဦးဘုန်း(ဓာတု)၊ စာရေးဆရာ ညီမင်းညိုရေးသားသည့် “လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်” စာအုပ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ
Apr 10,2026
မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ အပူဒဏ်အန္တရယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာလမ်းဆုံနှင့် ကဒါရပ်ကွက်၊ မင်္ဂလာဈေးတို့၌ ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဆီကန်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 10,2026
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဆီကန်ကြီးကြပ်ရေး‌ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၈ ရက် မွန်းလွဲပိုင်းက မင်းရဲကျော်စွာလမ်း၊ UMFCCI (၈)လွှာရှိ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နတ်တလင်းမြို့နယ်၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်
Apr 10,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ နွေရာသီကာလ အပူရှိန်ပြင်းထန်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများနှင့် အပူဒဏ်အန္တရာယ်များကို ပြည်သူများသိရှိ‌စေရန် အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက နတ်တလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
သနပ်ပင်မြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်
Apr 10,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ၂၀၂၆ ခုနှစ် ဧပြီလ (၁၃)ရက်နေ့မှ (၁၆)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်သည်။
ပန်းတောင်းမြို့နယ်၌ စာရေးဆရာအသင်း၏ စတုတ္ထအကြိမ်မြောက် အလုပ်အမှုဆောင်သစ်နှင့် စာပေညီလာခံကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်
Apr 10,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ စာရေးဆရာအသင်း၏ စတုတ္ထအကြိမ်မြောက် အလုပ်အမှုဆောင်သစ်နှင့် စာပေညီလာခံကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ အလင်္ကာခန်းမ၌ ကျင်းပပြုလုပ်သည်။
လက်ပံတန်းမြို့နယ်၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး
Apr 10,2026
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနေ ပြည်သူများအား အပူဒဏ်ကာကွယ်ရေးနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများနှင့် သတိပြုရမည့်အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အရှိန်အဟုန်မြှင့် ကွင်းဆင်းအသိပညာပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဘီးလင်းတန်းရပ်ကွက် လှည်းလမ်းကူးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။