သရက် နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၄နာရီ Helpline ဝန်ဆောင်မှု အသိပညာပေးပိုစတာစိုက်ထူခြင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးဝန်းအတွင်း စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၄နာရီ Helpline ဝန်ဆောင်မှု အသိပညာပေးပိုစတာတွင် ပဋိပက္ခဖြစ်စဉ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ ကျားမအခြေပြု အကြမ်းဖက်မှု၊ ကလေးသူငယ်၊ မသန်းစွမ်း၊ သက်ကြီးရွယ်အိုကိစ္စရပ်များ တိုင်ကြားမှုကို ဉပဒေအရစိစစ်အရေးယူဆောင်ရွက်နိုင်ရေး အကူအညီပေးသွားမည့် အချက်အလက်များ ပါဝင်ကြောင်း သိရသည်။
အဆိုပါဆိုင်းဘုတ်စိုက်ထူရာတွင် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအသင်းဉက္ကဌနှင့် အဖွဲ့ဝင်များက ၂၄ နာရီ Helpline ဝန်ဆောင်မှု အသိပညာပေး ပိုစတာများ စိုက်ထူခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)