သာယာဝတီ နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျွဲကျေးရွာအုပ်စု၊ အ.ထ.က (သတ်သဲဖြူ) ကျောင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျွဲသတ်ကျေးရွာအုပ်စု၊ အ.ထ.က (သဲဖြူ) ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာက ဌာန၏ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များအား ရှင်းလင်းပြောကြားပြီး သဘာဝဘေးနှင့်ပတ်သက်သည့် ငလျင်ဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ် ဆောင်ရန်/ရှောင်ရန်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများအား လက်ကမ်းစာစောင်များဝေငှပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ သဘာဝဘေးနှင့်ပတ်သက်သည့် သိကောင်းစရာ ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)