ကျောက်တန်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကျောက်တန်း နို၀င်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ကဒပ္ပနကျေးရွာ ကုန်ထုတ်ဂ၀ံလမ်း (၀/၃.၃၃မိုင်x၁၂´x၀´x၉´) နှင့် ကွန်ကရစ်တံတား (၁၂´x၁၄´) နှင့် BOX colvert တံတား (၆´x၂၀´) ကုန်ကျငွေကျပ် ၁၁၃.၄ သန်း ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုအား ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်း၀င်းလတ်နှင့် ၀န်ထမ်းများမှ ၂၈.၁၁.၂၀၂၃ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနဲ့အညီ အချိန်မီပြီးစီးရေးအတွက် ကျေးရွာလမ်းကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါ ကုန်ထုတ်ဂ၀ံလမ်းနှင့် တံတားများပြီးစီးပါက လယ်ဧက (၄၀၀) ခန့်အတွက် အကျိုးကျေးဇူးရရှိပြီး အနီးအနားရှိ လယ်ယာထွက်ကုန်များအား ရာသီမရွေး သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ပါ၍ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သတင်းရသည်။

မြို့နယ် (ပြန်ဆက်)