မကွေးတက္ကသိုလ်၏ (၂၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

မကွေး ဒီဇင်ဘာ ၃

၂၀၁၉ - ၂၀၂၀ ၊ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်၊ မကွေးတက္ကသိုလ် (နေ့သင်တန်း)၊  ၂၀၁၉ ၊ ၂၀၂၂ ပညာသင်နှစ် မကွေးတက္ကသိုလ် (အဝေးသင်သင်တန်း)နှင့် ၂၀၁၉ ပညာသင်နှစ်၊ ရေနံချောင်း ဒီဂရီကောလိပ် (အဝေးသင်သင်တန်း)တို့၏ (၂၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာလ(၁)ရက်နေ့မှ စတင်၍ မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပလျက်ရှိသည်။

ဘွဲ့နှင်းအခမ်းအနားသို့ မကွေးတက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များနှင့် ပါမောက္ခများ၊ မိဘဧည့်သည်တော်များ၊ ဘွဲ့ယူမည့် မောင်မယ်များ တက်ရောက်ကြပြီး နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များ၏ ဘွဲ့နှင်းသဘင်အခမ်းအနား၊ လုပ်ထုံးလုပ်နည်း အစီအစဉ်များနှင့်အညီ ကျင်းပ ဆောင်ရွက်လျက်ရှိသည်။

၂၀၁၉-၂၀၂၀၊ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၊ မကွေးတက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ မဟာဥပဒေဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ ဥပဒေဘွဲ့၊ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့ ရရှိသူများ၊ အဝေးရောက်နှင့် နှစ်ချို့ဘွဲ့ လျှောက်ထားသူများ၊ အဝေးသင်သင်တန်းအတွက် ဥပဒေပညာဘွဲ့၊ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့၊ စုစုပေါင်း (၅၀၁၆)ဦးတို့ကို ဘွဲ့များ အသီးသီး အပ်နှင်းသွားမည်ဖြစ်ပြီး ဘွဲ့နှင်းအခမ်းအနားကို (၁-၁၂-၂၀၂၃)ရက်နေ့မှ (၁၆-၁၂-၂၀၂၃) ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ