ညောင်ရွှေမြို့တွင် ဒီဇင်ဘာ ပထမပတ် စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ညောင်ရွှေ ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့တွင် ဒီဇင်ဘာပထမပတ် လူထုအားကစား လှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂ ရက် နံနက် ၅ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုပေါင်းလမ်းလျှောက်ပွဲကို စုရပ်ဖြစ်သည့် မြို့မဈေးမီးပွိုင့်မှ မြို့အဝင် ရွှေညောင်-ညောင်ရွှေလမ်း ရွှေရန်ပြေဘုရားအထိ အသွား၊ အပြန် လမ်းလျှောက်ခဲ့ကြသည်။ အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူလူထုများ စုစုပေါင်းအင်အား ၄၂၀ ဦးခန့် ပါဝင်ဆင်နွဲခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်