ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့်အဖွဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)သို့ ကြည့်ရှုစစ်ဆေးပြီး အရိုးရောဂါအထူးကုဆေးရုံကြီးရှိ ဆေးရုံတက်လူနာများအား ကြည့်ရှုအားပေးစကားပြောကြား

မန္တလေး  ဒီဇင်ဘာ  

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ Dr. အေးထွန်းသည် ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် Dr. တင်ထွန်းလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက မန္တလေး၊ချမ်းမြသာစည်မြို့နယ်ရှိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်- မန္တလေးသို့ ရောက်ရှိရာ ပါမောက္ခချုပ် ဒေါက်တာ ကျော်သီဟနှင့် ပါမောက္ခ၊ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် တွေ့ဆုံ၍ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေးအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တက္ကသိုလ်ရှိ သွားနှင့်ခံတွင်း လူနာများအား နေ့စဥ်ကုသပေးလျက်ရှိသော ဌာနများကို လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက်  Smart Practice Room များ၊ Digital Dentistry Lab, Scanning Electron Microscope Room, Molecular Lab, Histopathology Lab များကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ခံများက ရှင်းလင်းပြသပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့အပြင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တက္ကသိုလ် စာကြည့်တိုက်နှင့် ကုတင် (၅၀) ဆန့် ခံတွင်း၊ မျက်နှာ၊မေးရိုး ခွဲစိတ်ဆေးရုံကိုလည်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့်အဖွဲ့သည်  မွန်းတည့် ၁၂နာရီ အချိန်တွင် မန္တလေးမြို့၊ အရိုးရောဂါအထူးကုဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးရုံကြီးရှိ လူနာကုသဆောင်များသို့ လှည့်လည်ကြည့်ရှုပြီး ဆေးရုံတက်လူနာများအား ကြည့်ရှုအားပေးစကား ပြောကြားသည်။ ထို့နောက် အသစ်ဖွင့်လှစ်မည့် တိုးချဲ့(၄)ထပ် လူနာကုသဆောင် ဆောက်လုပ် ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ထို့နောက် အကြောအဆစ်အထူးကုဌာန၊ ဓါတ်ခွဲဌာန၊ ဓါတ်မှန်ဌာန တို့ကိုလည်း လှည့်လည် ကြည့်ရှုပြီး ဆေးရုံကြီးရှိ အထူးကုဆရာဝန်ကြီးများ၊ အရိုးရောဂါပညာဌာနမှ အထူးကုဆရာဝန်ကြီးများ၊ ဌာနတာဝန်ခံများ၊ အခြားဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားပြီး နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)