မိုင်းယောင်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာနှင့် ကျပန်းပြိုင်ပွဲများ ကျင်းပ

မိုင်းယောင်း ဒီဇင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ပန်းချီ၊ ကဗျာနှင့် ကျပန်းပြိုင်ပွဲများကို ယနေ့နံနက်ပိုင်း နာရီက မိုင်းယောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးကြည်က ပြိုင်ပွဲကျင်းပရသည့်ကြောင်းနှင့်ပတ်သတ်၍ အမှာစကားပြောကြာပြီး အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ၂၀၂၃ ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးအောင်ပွဲနေ့ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်နှင့် အမျိုးသားရေးစိတ်ဓာတ်အမွေကို ဆက်လက်ခံယူကြရန် ဟောပြောခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာနှင့် ကျပန်းပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်မှ ကျောင်းသူ၊ ကျောင်းသားများက ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)