မင်းလှမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲ ကျင်းပ

အထက်မင်းလှ ဒီဇင်ဘာ ၄      

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲက ပေတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမြတ်သူတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦး‌ကျော်စိုးလင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများ၊ သင်တန်းတွင် သင်ကြားပို့ချ‌ပေးမည့် ဘာသာ ရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၃) တွင် သင်တန်းသား ၅၀ ဦးအား ဒီဇင်ဘာ (၄) ရက်နေ့မှ (၂၉) ရက်‌နေ့အထိ သင်တန်းနည်းပြများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)