ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနေမှုအား ကြည့်ရှု

ဟိုပုံး ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် ဟိုပုံးမြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို သီရိမင်္ဂလာရွှေ ချမ်းသာမွေတော်ဘုရားကြီးရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဟိုပုံးမြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် မီးပဒေသာလှည့်လည်ခြင်း၊ ဈေးရောင်းပွဲတော်၊ ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာမီးပဒေသာလှည့်လည်ခြင်းများဖြင့် စည်ကားသိုက်မြိုက် စွာကျင်းပပြုလုပ်လျက်ရှိကြောင်းသိရသည်။

 ဟိုပုံးတန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါပွဲတော်ကို ဒီဇင်ဘာလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၅) ရက်နေ့ထိ မီးပုံးပျံငယ်၊ ညမီးကြီးမီးပုံးပျံနှင့် စိန်နားပန်မီးပုံးပျံများ၊ မီးပဒေသာလှည့်လည်ပူဇော်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်း‌ဒေသ(ပြန်/ဆက်)