မင်းဘူးမြို့၌ မွေးစမှ အသက် ၂ နှစ်အောက် ကလေးငယ်များ လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေး

မင်းဘူး  ဒီဇင်ဘာ  ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် မွေးစမှ အသက် (၂) အောက်ကလေးငယ်များ လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ထိုးနှံပေးခဲ့သည်။

ထိုသို့ ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဘီစီဂျီ၊ အသည်းရောင်အသားဝါ (ဘီ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနောက်အမြှေးရောင်၊ (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနောက်ရောင် ကာကွယ်ဆေးများကို မွေးစမှ (၂) လ၊ (၄) လ၊ (၆) လ၊ (၉) လနှင့် တစ်နှစ်ခွဲ ကလေးငယ်များအား အသက်အရွယ်အလိုက် ကာကွယ်ဆေး ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)