ပွင့်ဖြူ ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာနှင့် ကုလားကုန်းကျေးရွာကြားရှိ တောင်မုန်းမြောင်းမကြီးပေါ်တွင် ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က သစ်ပင်ကိုင်းကျိုးကျမှု ဖြစ်ပွားကြောင်း သိရ၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ အန္တရာယ်ကင်းဝေးစေရန် သွားရောက်ကူညီ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျိုးကျသည့် သရက်ပင်မှာ နှစ်ကာလ ကြာမြင့်ပြီဖြစ်၍ ဆွေးမြေ့နေသော သစ်ကိုင်းမှ ကျိုးပဲ့ကျခြင်းဖြစ်ကြောင်း၊ ယင်းသစ်ကိုင်းကျိုးပဲ့ကျမှုကြောင့် အခြားလူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် ကျိုးပဲ့ကျသော သစ်ကိုင်းအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်အနှောက်အယှက် မဖြစ်စေရေးအတွက် ချက်ချင်းသွားရောက်ပြီး စနစ်တကျ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်လေး (ပွင့်ဖြူမြေ)