နားမကြားသောကလေးများကျောင်း (ရန်ကုန်)တွင် လက်သင်္ကေတပြဘာသာစကား အသိပညာပေးသင်တန်းဖွင့်လှစ်

တာမွေ ဒီဇင်ဘာ

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူများအနေဖြင့် လက်သင်္ကေတပြဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် အကြားအာရုံချိုတဲ့သူများ၏ သဘာဝကိုနားလည်ပြီး တတ်နိုင်သမျှကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်စေရန်အတွက် ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာန၏စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် အိုးစု()လမ်းရှိ နားမကြားသောကလေးများကျောင်း (ရန်ကုန်)တွင် လက်သင်္ကေတပြဘာသာစကား အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် “လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လုပ်ငန်းကြီး()ရပ်ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ()ရပ်ထဲမှာ မသန်းစွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းဟာ တခုအပါအဝင်ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှာ မသန်းစွမ်းသူတွေထဲက အကြားအာရုံမသန်စွမ်းသူတွေရဲ့ သဘောသဘာဝ၊ ယဉ်ကျေးမှုနဲ့ လက်သင်္ကေတပြဘာသာစကားအကြောင်းကို သိရှိနိုင်ရန်အတွက်ရည်ရွယ်ပြီး သင်ကြားပေးသွားမှာဖြစ်ပါကြောင်း၊ နားမကြားသူတွေဟာ အကြားအာရုံမသန်စွမ်းသဖြင့် လူ့အသိုင်းအဝိုင်းအတွင်း ဝင်ဆန့်နိုင်မှုအခက်အခဲများကြောင့် အရာရာမှာနောက်ကျကျန်နေတာတွေ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ဒါကြောင့် နားမကြားသူတွေရဲ့ လူနေမှုဘဝမှာအတားအဆီးများ လျော့ပါးစေဖို့အတွက် လက်သင်္ကေတပြဘာသာစကားဖြင့် ကူညီပံ့ပိုးသူများသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊  အပတ်စဉ်()မှ ()အထိသင်တန်းကို ရန်ကုန်မှာ ဖွင့်လှစ်ခဲ့ပြီးဖြစ်သလို အပတ်စဉ်(၅)ဖြစ်သည့် (၁၁)လသင်တန်းကိုလည်း မန္တလေးမှာ ယခုဖွင့်လှစ်နေပြီးဖြစ်ပါကြောင်း၊ နားမကြားသူတွေ အခက်အခဲအဖြစ်ဆုံးနေရာတွေဖြစ်တဲ့ ဆေးရုံ၊ ဆေးခန်း၊ တရားရုံး၊ အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းတွေမှာ လက်သင်္ကေတဘာသာပြန် ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ အခုအသိပညာပေးသင်တန်းဟာရက်တိုပေမယ့် နားမကြားသူတွေရဲ့ သဘောသဘာဝ၊ ယဉ်ကျေးမှုနဲ့ လက်သင်္ကေတအခြေခံများကို ရရှိသွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ နားမကြားသောကလေးများ၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါသင်တန်း၌ အကြားအာရုံချိုတဲ့သူများနှင့် ပြောဆိုဆက်ဆံရာတွင် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ လူမှုပတ်ဝန်းကျင်တွင် လက်သင်္ကေတပြဘာသာစကားကို အသုံးပြုပြီး အကြားအာရုံချိုတဲ့သူများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးမှု နည်းလမ်းများအား ၂၀၂၃-ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့မှ ဒီဇင်ဘာလ(၆)ရက်နေ့အထိ ()ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်