လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

လိပ်သို ဒီဇင်ဘာ ၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်၊လမ်းအန္တရာယ်နှင့်ပတ်သက်ပြီး သိရှိဆင်ခြင်နိုင်ရန် ရည်ရွယ်၍ ယာဉ်၊လမ်းအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ဂျိုဝါးနာက ယာဉ်စည်းကမ်းလမ်း စည်းကမ်းဆိုင်ရာ ဉပဒေများအား အသိပညာပေးပြောကြားပြီးနောက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လမ်းညွှန်အမှတ်အသားများအကြောင်း၊ ယာဉ်၊လမ်းအန္တရာယ်ဖြစ်ပွားမှု၏ အဓိကအကြောင်းခံသည် များသောအားဖြင့် မော်တော်ယာဉ်များပင်ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် စာပေသင်ကြားမှုကို အထောက်ဖြစ်သည်သာမက အထွေထွေဗဟုသုတတွေ တိုးပွားလာကြောင်း၊ “အလိမ္မာစာမှာရှိ” စာအုပ်စာပေလူ့မိတ်ဆွေဆိုသကဲ့သို့ စာပေသည်ဘဝ၏ အလင်းရောင်ဖြစ်ကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာ ဗသုတများကိုလည်း ကျောင်းသား/ကျောင်းသူများသိရှိနိုင်ရန် အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)