သတင်းများ

ကျွန်းလှမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချ
Dec 04,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်  အခြေခံလူတန်းစား ပြည်သူများ နေ့စဉ်လူမှုဘဝ စားသောက်ရာတွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန်အတွက် ယနေ့နံနက် ၇ နာရီက ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း သန်လျင်၌ဆောင်ရွက်
Dec 04,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရန်ကုန်တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲမှ သန်လျင်မြို့နယ်မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
မင်းဘူးခရိုင်အတွင်း၌ ဆောင်းသီးနှံလျာထားချက်နှင့် နွေစပါး စီမံကိန်းများ ပြည့်မီစွာစိုက်ပျိုးနိုင်ရေးခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 04,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ဆောင်းသီးနှံလျာထားချက်နှင့် နွေစပါးစီမံကိန်းများ ပြည့်မီစွာစိုက်ပျိုးနိုင်ရေး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး ၄ ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် ဥာဏ်စမ်းမေးခွန်းများဖြေဆိုခြင်းအခမ်းအနား ကျင်းပဆောင်ရွက်
Dec 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉း၀၀)အချိန်က (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် ဥာဏ်စမ်းမေးခွန်းများဖြေဆိုခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်
Dec 04,2023
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခမ်းအနားမှူးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် စာသင်ကျောင်းများအား သတင်းစကားလက်ကမ်းစာစောင်များ(အခမဲ့)ဖြန့်ဝေ
Dec 04,2023
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ရှိ (ထက်၊လယ်၊မူ) စာသင်ကျောင်းများရှိ ကျောင်းသား/သူများ ပညာရေးတတ်‌မြောက်ပြီး အသိပညာ၊ အတတ်ပညာ တတ်မြောက်သော ပညာရည်မြင့်မားသော၊ စွမ်းဆောင်ရည်မြင့်မားသော နိုင်ငံသားများပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက (အခမဲ့) လှည့်လည်ဝေငှဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြိတ်ခရိုင်အတွင်းရှိ ရဟန်း၊ ရှင်၊ လူ ပြည်သူများ၏ မျက်စိရောဂါဝေဒနာများကို မြိတ်မြို့ သီတဂူဇီဝိတဒါနစက္ခုဒါနဆေးရုံတွင် ဒုတိယအကြိမ် အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးမည်
Dec 04,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ရဟန်း၊ ရှင်၊ လူ ပြည်သူများ၏ မျက်စိရောဂါဝေဒနာများကို မြိတ်မြို့ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူဇီဝိတဒါနစက္ခုဒါနဆေးရုံတွင် ဒီဇင်ဘာ(၂၃)ရက်မှစတင်၍ ဒုတိယအကြိမ် အခမဲ့စမ်းသပ် ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း ဆေးရုံစီမံစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။
ကြံခင်းမြို့တွင် ဝိနည်းဓိုရ်နှင့် မြို့နယ်သံဃာ့နာယကဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင်  မြို့နယ်ဂိုဏ်းပေါင်းစုံ သံဃာနာယကဆရာတော်များက ဝိနည်းဓိုရ်နှင့် မြို့နယ်သံဃာနာယကဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က ကြံခင်းမြို့ ရွှေညောင်ပင်ဘုန်းတော်ကြီးကျောင်းတိုက်အတွင်းရှိ ပညာဆီမီးဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။