မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပန်းတောင်းမြို့နယ် ဘောလုံးအဖွဲ့ချုပ်ပူးပေါင်းဖွင့်လှစ်သော အခြေခံဘောလုံးဒိုင်လူကြီးသင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပန်းတောင်း ဒီဇင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပန်းတောင်းမြို့နယ် ဘောလုံးအဖွဲ့ချုပ်ပူးပေါင်းဖွင့်လှစ်သော အခြေခံဘောလုံးဒိုင်လူကြီးသင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ယမန့်နေ့ နေ့လယ်(၃)နာရီအချိန်က ဥသျှစ်ပင်မြို့၊ ပြည်တော်သာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခြေခံဘောလုံးဒိုင်လူကြီးသင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနားသို့ ဥသျှစ်ပင်မြို့ အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သင်တန်းဆရာများ၊ ပန်းတောင်းမြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပန်းတောင်းမြို့နယ် ဘောလုံးအဖွဲ့ချုပ်မှကျင်းပသော ဒိုင်လူကြီးသင်တန်းပို့ချမှုမှာ အချိန်အားဖြင့် (၅)ရက်တာကြာမြင့်ပြီး သင်တန်းသား (၁၆)ဦး တက်ရောက်ခဲ့ကြသည်။

ထို့နောက် သင်တန်းဆင်းပွဲတွင် ထူးချွန်​စွာအောင်မြင်ခဲ့သော သင်တန်းသားတစ်ဦးစီကို ဂုဏ်ပြုလက်မှတ်များပေးအပ်ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ကာ အခမ်းအနားကို ညနေ(၄)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)