စစ်ကိုင်း ဒီဇင်ဘာ ၅
မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရွာထောင်ရပ်ကွက် ဘိုးဘွားရိပ်သာရှိ အဘိုး/ အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လင်းဦးဆောင်၍ အခြေခံကျန်းမာရေးဝန်ထမ်းများက ရွာထောင်ဘိုးဘွားရိပ်သာရှိ အဘိုး/အဘွား (၅၆)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် “လူတိုင်းအသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့” ဆိုသည့်အတိုင်း ကျေးရွာရပ်ကွက်များသို့ ကွင်းဆင်း၍သော်လည်းကောင်း၊ အဆင့်မြင့်ကျောင်းများ၊ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍သော်လည်းကောင်း ထပ်ဆောင်း ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အထွေထွေကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်(ပြန်/ဆက်)