လောင်းလုံးမြို့နယ်၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

လောင်းလုံး ဒီဇင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် လောင်းလုံးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကျော်လွင်က အမှာစကားပြောကြားရာ၌ ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော်မှ ကျင်းပပြုလုပ်သည့် နေ့ထူးနေ့မြတ် အခမ်းအနားများကို မိမိတို့မြို့နယ်များအနေဖြင့်လည်း ကျင်းပနိုင်ရေးအတွက်  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ အပတ်စဥ်  စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် တတ်နိုင်သမျှပူးပေါင်းဆောင်ရွက်လိုခြင်း၊ သက်ဆိုင်ရာဌာနများသည် မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့်လုပ်ငန်းများကို တတ်နိုင်သမျှ အောင်မြင်အောင် ဆောင်ရွက်ခြင်းစသောလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့၏လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးကာ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကျော်လွင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်းအင်အား (၄၀) ဦးခန့် တက်ရောက်ကြောင်း သိရသည်။

သိန်းသိန်း