မိုင်းယန်း ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဒေသခံတောင်သူလယ်သမားများအား သီးထပ်စိုက်ဧကတိုးတက်ပြီး သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ သီးနှံပုံစံ စိုက်ပျိုးထားသော ပန်းနှမ်းသီးနှံ စံပြကွက်ကွင်း သရုပ်ပြပွဲကို ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီက ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ စိုက်ပျိုးရေးကုန်း၌ ဆောင်ရွက်သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းက သီးနှံများစိုက်ပျိုးရာတွင် ရာသီအလိုက် အချိန်ကိုက်သီးနှံပုံစံများသိရှိပြီး စိုက်ပျိုးခြင်းဖြင့် သီးထပ်စိုက်ဧကများ ပိုမိုစိုက်ပျိုးလာနိုင်ပြီး တောင်သူများ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာမည်ဖြစ်ပြီး ရာသီနှင့်လိုက်ဖက်မည့် သီးနှံပုံစံအတွဲကွင်း သရုပ်ပြပွဲအား ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် စိုက်စနစ်နှင့် အကျိုးအမြတ်ရရှိနိုင်မှုတို့အား အသိပညာပေး ရှင်းလင်းဆွေးသည်။
အဆိုပါ သရုပ်ပြပွဲသို့ မိုင်ယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးမန်ကိုဟော၊ မိုင်းယန်းမြိုနယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် မြို့နယ်စိုက်ကြပ်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး