လဲချားတွင် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူရွေးချယ်ရေးဆိုင်ရာ စာမေးပွဲစစ်ဆေးခြင်း ဆောင်ရွက်

လဲချား   ဒီဇင်ဘာ-၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများရွေးချယ်ရေးအတွက် စာမေးပွဲစစ်ဆေးဖြေဆိုခြင်းကို ယနေ့နံနက် ၉နာရီက အထက(လဲချား)စာစစ်ဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စာ​မေးပွဲဖြေဆို ယှဉ်ပြိုင်နေမှုကို မြို့နယ်ပညာရေးမှူးဒေါ်မြမြစန်းနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက စာမေးပွဲ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး စာမေးပွဲစစ်ဆေးဖြေဆိုရာတွင် မြို့နယ်အတွင်းရှိ အ.ထ.က၊ အ.ထ.က(ခွဲ)၊ အ.လ.က(၁) ကျောင်းများရှိ Grade-9 မှ Grade-12ထိ ကျောင်းသား၊ ကျောင်းသူ  စုစုပေါင်း (၁၈)ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်းနှင့် စာမေးပွဲဖြေဆိုချိန်ကို မနက် ၉ နာရီမှ ညနေ ၂နာရီအထိ Grade အလိုက်ခွဲ၍ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

လဲချား (မြို့နယ် ပြန်/ဆက်)