မက်မန်း ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်းပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မြို့နယ်အဆင့် လူရည်ချွန်ပြိုင်ပွဲကျင်းပရာ မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ Grade-9 ၊ Grade-10၊ Grade-11နှင့် Grade-12 တို့မှ ကျောင်းသား/ကျောင်းသူများက မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုများကို ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ အဆိုပါပြိုင်ပွဲတွင် ထူးချွန် ကျောင်းသား/ကျောင်းသူများကို ရှမ်းပြည်နယ်အတွင်း လူရည်ချွန်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်ထံမှ သိရသည်။
စောဥမ္မာ (ခရိုင်၊ ပြန်/ဆက်)