ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပုဗ္ဗသီရိ ဒီဇင်ဘာ ၅

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူး ဒေါ်နှင်းနှင်းအေးက အားကစားဆိုင်ရာ အသိပညာအကြောင်းအရာများ၊  လူငယ်လူရွယ်များသည် နိုင်ငံတော်၏ မျှော်မှန်းချက်များ၊ နိုင်ငံတော်၏ အနာဂါတ်များဖြစ်သည့်အတွက် လူငယ်များ၏ ကြိုးစားအားထုတ်မှု စွမ်းဆောင်ချက်များသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို အများကြီး အထောက်အကူဖြစ်စေသည့်အတွက် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ မျိုးချစ်စိတ်ဓါတ်များ ရှင်သန်ထက်မြက်လာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောခဲ့ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)