မိုင်းတုံ​မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းတုံ  ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မိုင်းဆတ်ခရိုင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် Gender Based Violence (GBV) အသိပညာပေးဟောပြောပွဲအခမ်းအနားကို မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ မြို့နယ်အမျိုးသမီးကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများနှင့် မာတေလ်ဆာအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၇၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက အဖွင့်အမှာစကားပြောကြားခြင်း၊ မိုင်းဆတ်ခရိုင် လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်မာကြည်က အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု(GBV)အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သတ်သည့် အကြောင်းအရာများကို အကျယ်တစ်ဝန်း ရှင်းလင်းခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်‌အောင်မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်ပွားရခြင်းနှင့်ပတ်သတ်၍ လိုက်နာဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြီးနောက် အသိပညာပေးအခမ်းအနားသို့ တက်‌ရောက်လာသူများအား  မိုင်းဆတ်ခရိုင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထုတ်ဝေသော ကျား၊ မ အခြေပြု အကြမ်းဖက်မှု အသိပညာပေးလက်ကမ်းစာစောင်များနှင့် လူကုန်ကူးမှုတားဆီးရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။

မျိုးကျော်စိုး(ပြန်/ဆက်)