သတင်းများ

မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၌ စိုက်ပျိုးသည့် ဧရာပဒေသာမျိုး မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်
Dec 06,2023
 မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတောကျေးရွာတွင် ၂၀၂၃ ခုနှစ်၌ စိုက်ပျိုးသည့် ဧရာပဒေသာမျိုးမိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ကွင်းအမှတ် (၈၅၇)၊ ဦးပိုင် (၁၂၃/၂) တောင်သူဦးမြအေး၏ လယ်မြေ (၀.၇၈)ဧကရှိ မိုးစပါးဧရာပဒေသာ စိုက်ပျိုးမှု စံကွက်ရိတ်သိမ်းဆောင်ရွက်ခြင်း၊ ကွင်းအမှတ်(၈၅၇)၊ ဦးပိုင်အမှတ်(၁၂၆/၁) တောင်သူ ဦးသန်းဦး၏ လယ်‌မြေ (၁.၄၈)ဧကတွင် မိုးစပါး ဧရာပဒေသာစိုက်ပျိုးမှုစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်(၈)နာရီက အဆိုပါ မိုးစပါးစံကွက်စိုက်ဧကရှိ ကွင်း၌ ‌ဆောင်ရွက်ခဲ့သည်။ 
နတ်မောက်မြို့၌ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကျင်းပ
Dec 06,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပညာရေးမှူး၏ ကြီးကြပ်ဦးဆောင်မှုဖြင့် နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်ဖြစ်သော ကျောင်းသား/သူများအား ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်း၍ အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသား/သူလူငယ်များအဖြစ် လေ့ကျင့်ပျိုးထောင်ရန် ရည်ရွယ်ပြီး လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့နံနက် ၉နာရီ အချိန်က နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်လတ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား၊မ ရေးရာ အကြမ်းဖက်မှု အသိပညာပေး အစီအစဉ်ကျင်းပ
Dec 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မရေးရာ အကြမ်းဖက်မှု အသိပညာပေးအစီအစဉ်ကို ယမန်နေ့မွန်းလွဲပိုင်းက လှည်းဆိပ်ကျေးရွာအုပ်စု၊ ဇေယျာသီရိံဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
ကျွန်းလှ၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ဖြန့်ဝေကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဖွင့်လှစ်သည့်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်ပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားများတက်ရောက်
Dec 06,2023
(၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူလူထုပူးပေါင်းဆောင်ရွက်သော အမှတ် (၁၃) ရပ်ကွက်၊ မဉ္ဇူလမ်းသွယ် (၂) လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ဖွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၁၉) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Dec 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် (၁၉) နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးအ တွက်ညှိနှိုင်းဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာယာခန်းမ၌ ယမန်နေ့မွန်းလွဲ ၂း၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
မချမ်းဘောမြို့နယ်တွင် မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲကျင်းပ
Dec 06,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က မချမ်းဘောကျောင်းခန်းမ၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၁၀၃နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပန်းချီပြိုင်ပွဲကျင်းပ
Dec 06,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၇ရက်နေ့တွင် ကျရောက် မည့် ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့်ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။