နတ်မောက် ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပညာရေးမှူး၏ ကြီးကြပ်ဦးဆောင်မှုဖြင့် နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်ဖြစ်သော ကျောင်းသား/သူများအား ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်း၍ အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသား/သူလူငယ်များအဖြစ် လေ့ကျင့်ပျိုးထောင်ရန် ရည်ရွယ်ပြီး လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့နံနက် ၉နာရီ အချိန်က နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူရည်ချွန်ရွေးချယ်စာမေးပွဲသို့ နတ်မောက်မြို့နယ် ပညာရေးမှူးဒေါ်သန်းသန်းအေး၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးဖုန်းဟန်စန်းတို့က ကြီးကြပ်၍ Grade-9 တွင် ကျား (၄)ဦး၊ မ(၄)ဦး၊ Grade-10 တွင် ကျား(၅)ဦး၊ မ(၄)ဦး၊ Grade-11 တွင် ကျား (၄)ဦး၊ မ(၄)ဦးနှင့် Grade-12 တွင် ကျား(၂)ဦး၊ မ(၁)ဦး စုစုပေါင်း (၂၈)ဦးဖြေဆိုခဲ့ရာ ဒီဇင်ဘာ(၅)ရက်နေ့တွင် (မြန်မာစာနှင့်အင်္ဂလိပ်စာ)၊ ဒီဇင်ဘာ(၆)ရက်နေ့တွင် (သင်္ချာ၊ အထွေထွေဗဟုသုတနှင့်နှုတ်မေးနှုတ်ဖြေ)၊ ဒီဇင်ဘာ(၈)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်စစ်ဆေးခြင်းများအား ဆက်လက် ဖြေဆိုကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
လှဝင်း