အထက်မင်းလှ ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတောကျေးရွာတွင် ၂၀၂၃ ခုနှစ်၌ စိုက်ပျိုးသည့် ဧရာပဒေသာမျိုးမိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ကွင်းအမှတ် (၈၅၇)၊ ဦးပိုင် (၁၂၃/၂) တောင်သူဦးမြအေး၏ လယ်မြေ (၀.၇၈)ဧကရှိ မိုးစပါးဧရာပဒေသာ စိုက်ပျိုးမှု စံကွက်ရိတ်သိမ်းဆောင်ရွက်ခြင်း၊ ကွင်းအမှတ်(၈၅၇)၊ ဦးပိုင်အမှတ်(၁၂၆/၁) တောင်သူ ဦးသန်းဦး၏ လယ်မြေ (၁.၄၈)ဧကတွင် မိုးစပါး ဧရာပဒေသာစိုက်ပျိုးမှုစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်(၈)နာရီက အဆိုပါ မိုးစပါးစံကွက်စိုက်ဧကရှိ ကွင်း၌ ဆောင်ရွက်ခဲ့သည်။
မိုးစပါးစံကွက်ရိတ်သိမ်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအာင်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာ စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ တောင်သူများပူးပေါင်း၍ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့သည်။
ယခုစိုက်ပျိုးသည့် မိုးစပါးများကို ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့က စတင်စိုက်ပျိုးခဲ့ရာ ဒီဇင်ဘာလ (၅)ရက်နေ့အထိ ရက်ပေါင်း (၁၅၈)ရက်အကြာတွင် စံကွက်ရိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး၊ မိုးစပါးစံကွက်တစ်ဧကလျှင် အစိုထွက် (၁၂၆)တင်း၊ အခြောက်ထွက်မှာ တစ်ဧကလျှင် (၁၀၆)တင်းထွက်ရှိပြီး ဆောင်းသီးနှံများဖြစ်သည့် ဆောင်းနေကြာနှင့် ကုလားပဲသီးနှံများ ဆက်လက်စိုက်ပျိုးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာများမှ တောင်သူများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)