မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၁၉) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

ကျောင်းကုန်း ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် (၁၉) နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးအ တွက်ညှိနှိုင်းဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာယာခန်းမ၌ ယမန်နေ့မွန်းလွဲ ၂း၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက နိုင်ငံတော်မှချမှတ်ထားသည့် "တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူလူထုအတွင်းကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ချမှတ်ထားသော အားကစားဆိုင်ရာမူဝါဒများနှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်လမ်းညွှန်မှုဖြင့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အသက် (၁၉) နှစ်အောက် အမျိုးသားဘော လုံးပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ‌ဖွဲ့စည်းထားသည့် ဦးစီးကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဦးကပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး၊ ခိုက်ရန်မဖြစ်ပွားစေရေးအတွက် လုံခြုံရေးတင်းကြပ်စွာ ချထားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ တက်ရောက်လာသော ဦးစီးကော်မတီ၊ ဆပ်ကော်မတီများမှ မိမိတို့လုပ်ဆောင်ရမည့် ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)