ကျိုက်လတ် ဒီဇင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မရေးရာ အကြမ်းဖက်မှု အသိပညာပေးအစီအစဉ်ကို ယမန်နေ့မွန်းလွဲပိုင်းက လှည်းဆိပ်ကျေးရွာအုပ်စု၊ ဇေယျာသီရိံဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဉီးစီးဌာန၊ ဉီးစီးအရာရှိ ဒေါ်ယုဇာလင်းတို့က အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြား၍ မြို့နယ်ဥပဒေအရာရှိ ဉီးဝင်းမြင့်အောင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားကို ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အမျိုးသမီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးလှိုင်မင်းအောင်
ကျိုက်လတ် (ပြန်/ဆက်)