ကျွန်းလှ၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျွန်းလှ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ဖြန့်ဝေကြောင်း သိရသည်။

သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၃ ခုနှစ်၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းကောက်နုတ်ချက်၊ ရန်ရကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၏ အမည်စာရင်း၊ ပညာရေးမျှော်မှန်းချက်နှင့် ဆောင်းပါး၊ ကဗျာတို့ပါဝင်ကြောင်း သိရသည်။

 အဆိုပါ လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဦးဖိုးချိုနှင့် ဝန်ထမ်းများက ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား လက်ဝယ်အရောက် ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)